ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
သည် ကချင် ပြည်နယ် အတွင်း တပ်မတော် နှင့် ကေအိုင်အေ တို့ အကြား ဖြစ်ပွား
နေသည့် ပြဿနာရပ် များကို ဖြေရှင်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းစဉ် များတွင် ပါဝင်ရန် ဆန္ဒ ရှိကြောင်း သတင်း မီဒီယာ များနှင့်
တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ကျင်းပသည့်
လွှတ်တော် သက် တမ်း နှစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် မီဒီယာ
များနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြော
ကြား ခဲ့ခြင်း ဖြစ်သည်။
"လွှတ်တော် ပြင်ပမှာ ဆောင်ရွက် ရမယ့် ဟာက ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်း ပြောရမယ့် ကိစ္စလို့ ယူဆ ပါတယ်" ဟု ၄င်းက ဆိုသည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွေမန်း သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က
ဥက္ကဋ္ဌ အဖြစ် ဆောင် ရွက် နေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီ
တွင်လည်း အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင်သည်။
ကချင် ပြည်နယ် ငြိမ်းချမ်းရေး အဆို တင်သွင်း ခဲ့သူ အင်ဂျန်းယန် မြို့နယ်
ပြည်သူ့ လွှတ်တော် ဒေါ်ဒွဲဘူ ကမူ "လွှတ်တော် ထဲက အခုလို ထင်ရှားတဲ့ ပုဂ္ဂိုလ်
တစ်ဦး ပါဝင် လာမယ် ဆိုတော့ နှစ်ဖက် ယုံကြည်မှု တည်ဆောက် မှုက ပိုမို ခိုင်မာ
လာမယ်လို့ ယုံကြည် ပါတယ်" ဟု မှတ်ချက် ပေးသည်။
ကေအိုင်အေနှင့် အစိုးရ ဆွေးနွေးမှုကို တရုတ်နိုင်ငံ ရွှေလီ မြို့တွင် လေးကြိမ်တိုင် တွေ့ဆုံ ခဲ့သော်လည်း သဘော တူညီမှု မရရှိ ခဲ့ပေ။
ကေအိုင်အေနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့များ တွေ့ဆုံရန်
အစီအစဉ် ရှိသည်ဟု “ဝ” သွေး စည်း ညီညွတ်ရေး အဖွဲ့ (UWSA) ဌာနချုပ်
နယ်မြေတွင် တွေ့ဆုံရန် ရှိကြောင်း UWSA ၏ ထုတ်ပြန်ချက် များအရ သိရသည်။
သတင်း
The Voice Weekly
FRIDAY, FEBAUARY 01, 2013
No comments:
Post a Comment