နှင်းဆီ ၁ ပွင့် = ရင်ထဲမှာ မင်းပဲ ရှိတယ် ။
နှင်းဆီ ၂ ပွင့် = ကိုယ်နဲ့မင်းနဲ့ အပြန်အလှန် မှီတွယ်နေတယ် ။
နှင်းဆီ ၃ ပွင့် = ကိုယ် မင်းကို သိပ်ချစ်တယ် ။
နှင်းဆီ ၄ ပွင့် = သေတောင်မခွဲဘူး ။ သစ္စာတရားနဲ့ ကတိပြုတယ် ။
နှင်းဆီ ၅ ပွင့် = တန်ဖိုးထားမြတ်နိုးတယ် ။ အဲဒီအတွက်နောင်တမရှိဘူး ။
နှင်းဆီ ၆ ပွင့် = လေးစား ၊ ချစ်ခင် ၊ ခွင့်လွှတ်မြဲပဲ ။
နှင်းဆီ ၇ ပွင့် = တိတ်တခိုးလေး ။
နှင်းဆီ ၈ ပွင့် = မင်းရဲ့ပေးဆပ်မှုကို ကျေးဇူးတင်တယ် ။
နှင်းဆီ ၉ ပွင့် = အမြဲတမ်းအတွက် ။
နှင်းဆီ ၁၀ ပွင့် = ချစ်တဲ့မင်းဟာ အပြစ်ကင်းစင်တယ် ။
နှင်းဆီ ၁၁ ပွင့် = မင်းကို ဒီကမ္ဘာမှာ အချစ်ဆုံးပဲ ။
နှင်းဆီ ၁၂ ပွင့် = တစ်နေ့ထက်တစ်နေ့ တိုးပြီးချစ်တယ် ။
နှင်းဆီ ၁၃ ပွင့် = သူငယ်ချင်းအချစ် ။
နှင်းဆီ ၁၄ ပွင့် = ဂုဏ်ယူပါတယ် ။
နှင်းဆီ ၁၅ ပွင့် = ၀မ်းနည်းပါတယ် ။
နှင်းဆီ ၁၆ ပွင့် = မတည်ငြိမ်သေးတဲ့ အချစ်ပါ ။
နှင်းဆီ ၁၇ ပွင့် = ပြန်မရနိုင်တော့တဲ့ အချစ်အတွက် ။
နှင်းဆီ ၁၈ ပွင့် = ရိုးသားပွင့်လင်းပါတယ် ။
နှင်းဆီ ၁၉ ပွင့် = မျှော်လင့်စောင့်စားနေတယ် ။
နှင်းဆီ ၂၀ ပွင့် = ငါ့မှာ ရိုးသားတဲ့အချစ်တစ်ခုတည်း ရှိတယ် ။
နှင်းဆီ ၂၁ ပွင့် = ရိုးသားတဲ့အချစ်ပါပဲ ။
နှင်းဆီ ၂၂ ပွင့် = မင်း ကံကောင်းပါစေ ။
နှင်းဆီ ၂၃ ပွင့် = တစ်နေ့နေ့ပေါ့ ။
နှင်းဆီ ၂၄ ပွင့် = အချိန်တိုင်းသတိရ ၊ လွမ်းနေတယ် ။
နှင်းဆီ ၂၅ ပွင့် = မင်း ပျော်ရွှင်ပါစေ ။
နှင်းဆီ ၃၀ ပွင့် = ဖူးစားကို ယုံတယ် ။
နှင်းဆီ ၃၃ ပွင့် = သုံးဘ၀ ၊ သုံးကမ္ဘာတိုင်အောင် ။
နှင်းဆီ ၃၆ ပွင့် = ရိုမန်တစ် ပါ။
နှင်းဆီ ၅၀ ပွင့် = မမျှော်လင့်ဘဲတွေ့ကြတယ် / ထာဝရရှင်သန်နေမယ် ။
နှင်းဆီ ၆၆ ပွင့် = ရေစီးကြောင်း သံယောဇဉ် ။
နှင်းဆီ ၉၉ ပွင့် = အမြဲတမ်း / မိုးနဲ့မြေလို ကြာရှည်စွာတည်ရှိနေမယ် ။
နှင်းဆီ ၁၀၀ ပွင့် = သက်ထက်ဆုံး ၊ ရိုးမြေကျ ရာနှုန်းပြည့် အချစ် ။
နှင်းဆီ ၁၀၁ ပွင့် = ထာဝရ အချစ် ။
နှင်းဆီ ၁၀၈ ပွင့် = မကုန်ဆုံးနိုင်တဲ့ အချစ်နဲ့ လက်ထပ်ခွင့်ပေးပါ ။
နှင်းဆီ ၁၁၁ ပွင့် = အဆုံးမဲ့အချစ် ။
နှင်းဆီ ၁၄၄ ပွင့် = နေ့တိုင်း ၊ လတိုင်း ၊ နှစ်တိုင်း အသက်ရှင်နေသမျှ
နှင်းဆီ ၃၆၅ ပွင့် = နေ့တိုင်း သတိရတယ် ။
နှင်းဆီ ၉၉၉ ပွင့် = မချူပ်ငြိမ်းနိုင်တဲ့ အချစ် ။
နှင်းဆီ ၁၀၀၀ ပွင့် = နှစ်ပေါင်း တစ်သောင်း တိုင်အောင် ။
နှင်းဆီ ၁၀၀၁ ပွင့် = သက်ဆုံးတိုင် ။
သတင်းပေါင်းစုံ
Saturday, February 2, 2013
ကချင် ပြည်နယ် ငြိမ်းချမ်းရေး ဝင်ရောက် လုပ်ကိုင်ရန် ဆန္ဒရှိ ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
သည် ကချင် ပြည်နယ် အတွင်း တပ်မတော် နှင့် ကေအိုင်အေ တို့ အကြား ဖြစ်ပွား နေသည့် ပြဿနာရပ် များကို ဖြေရှင်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များတွင် ပါဝင်ရန် ဆန္ဒ ရှိကြောင်း သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ကျင်းပသည့် လွှတ်တော် သက် တမ်း နှစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် မီဒီယာ များနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြော
ကြား ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
သည် ကချင် ပြည်နယ် အတွင်း တပ်မတော် နှင့် ကေအိုင်အေ တို့ အကြား ဖြစ်ပွား နေသည့် ပြဿနာရပ် များကို ဖြေရှင်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များတွင် ပါဝင်ရန် ဆန္ဒ ရှိကြောင်း သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ကျင်းပသည့် လွှတ်တော် သက် တမ်း နှစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် မီဒီယာ များနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြော
ကြား ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်မှတစ်ဆင့် ဖေဖော်ဝါရီလ ၁ ရက်တွင် ပြောကြားသည့် မိန့်ခွန်း

လက်ပံတောင်းတောင် အစီရင်ခံစာ ဖေဖော်ဝါရီလကုန် ထုတ်ပြန်မည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို
ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်မည်ဖြစ်
ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုတွင် စစ်မြေပြင်၌ အသုံး
ပြုသော ဖော့စ်ဖရပ်အဖြူ (မီးစုန်းဖြူ) ပါဝင်သော လက်ပစ်ဗုံးများ အသုံးပြုထားသည် ဟု ယင်းကိစ္စရပ်ကို စုံစမ်း စစ်ဆေးနေသည့် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုတွင် စစ်မြေပြင်၌ အသုံး
ပြုသော ဖော့စ်ဖရပ်အဖြူ (မီးစုန်းဖြူ) ပါဝင်သော လက်ပစ်ဗုံးများ အသုံးပြုထားသည် ဟု ယင်းကိစ္စရပ်ကို စုံစမ်း စစ်ဆေးနေသည့် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
Wednesday, December 12, 2012
တန်ဆောင်မုန်းလမြတ် သိမှတ်ဖွယ်ရာ(၃)
တန်ဆောင်မုန်းလမြတ် သိမှတ်ဖွယ်ရာ(၃)
ကျီးမနိုးပွဲမှာ
အပျော်သက်သက်ကျီစယ်သောပွဲသာဖြစ်သည်။
သူခိုးနက္ခတ်နှင့်ယှဉ်သည်ဟုအယူအဆရှိသူတို့ ကသန်းခေါင်ကျော်အိပ်ပျော်နေချိန်
အိမ်အပြင်တွင်ရှိသော လွယ်လင့်တကူသယ်ယူရသည့်ပစ္စည်းများကို ယူငင်လျှက်
လမ်းလယ် တွင်ချထားကျီစယ်ကြသည်။ မနက်မိုးလင်းသည်နှင့်ပိုင်ရှင်များက
မိမိတို့ပစ္စည်းအားပြန်လည်လာရောက်ရွေးယူကြရသည်။ စာရေးသူတို့တောရွာဘက်တွင်
ပျိုမေတို့၏လုံချည်အိကျီင်္များအားကာလသားများကနောက်ပြောင်ယူခြင်းစခြင်းအလေ့အထများ
ဘူးသီး ကျောက်ဖရုံသီး ကြက်များခိုး၍ ရွာလယ်တွင်ကာလသားချက်
ချက်စားကြခြင်းအလေ့အထများရှိသည်။ ယခုနောက်ပိုင်း တွင်ပြဿနာ
ဖြစ်ဖွယ်ကြုံရသောကြောင့်ထိုသို့ပြုလုပ်ခြင်းသိပ်မရှိတော့ချေ။
အထူးဆန်းဆုံးအရာတစ်ခု ရှိသည်မှာ ဘုန်းတော် ကြီးကျောင်းမှ သယ်ယူ၍နိုင်သော
ရုပ်ပွားစေတီများအား ပင့်သယ်လာခဲ့ကြ၍ ရွာတွင်ငွေကြေးတင့်တင့်ရှိသော
အိမ်များတွင် ပို့ ထားတတ်ကြသည်။ မနက်လင်းလို့
အိမ်တွင်ရုပ်ပွားပို့ထားခံရလျှင် ထိုအိမ်ရှင်မှ ဘုရားပွဲ ပန်းပွဲများဖြင့်
ဆိုင်းဘုံသံညံလျှက် စည်
စည်ကားကားကျောင်းတော်သို့ပြန်လည်ပို့ဆောင်ကြရသည်။ထို့သို့သောအကြောင်းများဖြင့်ကျီစယ်တတ်သောကြောင့်
Saturday, October 13, 2012
လူငယ်မောင်မယ်များနှင့်ဘာသာတရား
လူငယ်မောင်မယ်များနှင့်ဘာသာတရား
တစ်နေ့
လက်ခုပ်သုံးခါတီး
ငါးဟင်းကြီးများ
အမြဲစား
ရေအေးကြီးများ
ခါခါသောက်
တောင်ဝှေး
သုံးချောင်းထောက်
အန္တရာယ်တွေ
ကင်းပျောက်
မဂ်ဖိုလ်နိဗ္ဗာန်ရောက်။
ရွှေရေးဆောင်ဆရာတော်ဘုရားကြီးဦးဝစီရဗုဒ္ဓိ ရေးသားထားတဲ့
ကဗျာလေးပါ။ ယနေ့ခေတ် လူငယ်မောင်မယ်တွေ အတွက် ဘာသာတရားကို
လက်တွေ့လိုက်စားရင် လက်တွေ့ရနိုင်မဲ့
အကျိုးတရားတွေကိုနားလည်သဘောပေါက်လွယ်ပြီး လိုက်နာ
ကျင့်သုံးချင်လာအောင်ရေးပေးဖို့ ဖက်ရှင်တိုင်းမ်(FSHION TIME)အယ်ဒီတာချုပ်
ဆရာမိုသျှန်းကတောင်း Friday, October 12, 2012
ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ
ဆီမီးရောင်ဖြာ သီတင်းကျွတ်ချိန်ခါ
၁၂လရာသီပွဲစုံညီ
``သင်္ကြန်တန်ခူး၊နှစ်ဦးညောင်ရေ၊စာပလွေခင်း၊ပဉ္စင်းတော်ခံ၊
စာရေးတံနှင့်၊ မြစ်ယံပွဲကြီး၊ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊
မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျှင်၊ ဤသို့ယှဉ်သား၊
လစဉ်စမြဲ၊ ဆယ့်နှစ် ပွဲကို´´
ဟူသောလက်ဝဲသုန္ဒရ၏သာဓနပျို့အားဖတ်လိုက်ရသောအခါ
မြန်မာတို့ရဲ့ချစ်မြတ်နိုးဖွယ်ရာ။ အစဉ်လာ ကြီးမား သည့်လူမျိုး ဓလေ့
ကိုအားရဂုဏ်ယူမိသည်။မြန်မာနှစ်သည်လအားဖြင့်(၁၂)လရှိလေရာ။လစဉ်လတိုင်းလ
အလိုက်ပွဲတော်များကျင်းပလေ့ရှိကြသည်။တန်ခူးလ မဟာသင်္ကြန်ပွဲ၊ ကဆုန်လညောင်ရေသွန်းပွဲ၊ နယုန်လစာပြန်ပွဲ၊ ၀ါဆိုလ ၀ါဆိုပွဲ၊ ၀ါခေါင်လ စာရေးတံပွဲ၊ တော်သလင်းလ လှေလျှော်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နတ်တော် လ စာဆိုပွဲ၊ ပြာသိုလမြင်းခင်းသဘင်ပွဲ၊ တပို့တွဲလ ထမနဲပွဲ၊ တပေါင်းလ သဲပုံစေတီပွဲဟူ၍ စည်းကားသိုက်မြိုက် စွာကျင်းပကြသည်မှာ အလွန်ကြည်နူးနှစ်လိုဖွယ်ကောင်းလှသည်။လ အလိုက် ပွဲများကျင်းပကြသလိုလအလိုက် ရာသီပန်းများကလည်းဖူးပွင့်ဝေဆာ လျှက်တင့်တယ်စွာရှိလှသည်။
ရာသီပန်းလှတင့်တယ်လှ
တန်ခူးလတွင် ရင်ခတ်ပန်း၊
ကံ့ကော်ပန်း၊ ပိတောက်ပန်းများ ရှု့မညီးအောင်ရနံ့ကြိုင်လိုင်စွာပွင့်သကဲ့သို့
ဝါဆိုလတွင်း ပုန်းညက်ပန်း တော်ရိုင်းပန်းလေးများ၊ ၀ါခေါင်လတွင် ခတ္တာ
ပန်း၊ပြာသိုလ ခွာညိုပန်း၊ တပို့တွဲလ ပေါက်ပန်း လဲပန်းများ တပေါင်းလ
အင်းကြင်းပန်း သရဖီပန်း ကံ့ကော်ပန်းပန်းများ ပွင့်ဖူးဝေဆာ သာယာလှပ
တင့်ဆန်းလှစွာ နေရာယူကြသည်။ ယခုလိုသီတင်းကျွတ်လအခါသမယတွင်တော့ `` စန်းအဿဏီ သာလှ သာ ရင်တွင်းမှ၊ လန်းစီစီ
ကြာကသင်းပါလို့ ၊ (အိုကွယ်) ၀ါလသီတင်းရယ်တဲ့ကျွတ်ခဲ့ပြီ။ ဤသို့ဆရာ ချစ်စပ်
ဆိုခဲ့သလို မဟာအတုလမင်းကြီးကလည်း``လှိုင်လှိုင်ငယ်သင်းတော့တယ်၊
ကန်မင်းနန္ဒာ၊လျှံဝင်းငယ်ဖြာသည်၊ ပွင့်ရွှေကြာမြိုင်မြိုင်နှင့်
ကြိုင်ကြိုင်သင်းတဲ့ လကိုလေး ဟုစပ်ဆိုခဲ့ကြသည့်အတိုင်း ကြာဖြူ၊
ကြာနီ၊ ကြာညို၊ ကြာ ခေါင်းလောင်း၊ကြာပုဏ္ဏရိတ် ငါးဖြာသောကြာမျိုးတို့
ကားကားစွင့်စွင့် ၊ငွားငွားပွင့်လျက် သင်းရနံ့လှိုင် တကြိုင်
ကြိုင်မွှေးထုံပျံ့လျှက် ကန်မင်းမြတ်အလယ် ဘယ်ညိမ်းညာနွဲ့၊
ယိမ်းသွဲ့သွဲ့ဖြင့် တင့်တယ်စွာ ပွင့်နေလျှက်လော ကအလှကိုဆင်နေကြသည်။ထိုသို့သာယာတင့်တယ်လှသောကြောင့်ပင် ``သာမျိုးငယ်မှစေ့စုံ၊ မဟာန၀တက်၊ အိုင်မင်းမြတ်မှာ၊ ငါးရပ်ကြာပေါင်း၊ ကြိုင်နံ့လှောင်းသည့်၊ရေကြောင်းကြုံလို့၊ မွှေးထုံမှသိင်္ဂါ´´ ဟုစာဆိုတော်မယ်ခွေကလည်း သီ တင်းကျွတ်လရာသီပန်းကိုလှပစွာရေးဖွဲ့ခဲ့ဖူးပြန်သည်။
သာမောပေစွသီတင်းကျွတ်လ
သီတင်းကျွတ်လတွင်
ကြာပန်းများသာကြိုင်လှိုင်စွာပွင့်ကြသည်မဟုတ်သေး တောင်သူလယ်များတို့၏
ယာခင်းဝယ် စိုက်ပျိုးတည်တောင်ထားသော ကောက်ပဲ သီးနှံများလည်းဖူး
ပွင့်သည့်အချိန်ခါဖြစ်သည်။မြန်မာတို့ ၏ ဂိမှန္တ၊ ၀သန္တ၊ဟေမန္တ
ဟူသောနွေမိုးဆောင်းဥတုသုံးလီတို့တွင် သီတင်းကျွတ်လသည်မိုးလေးလ၏ နောက်
ဆုံးလဖြစ်သကဲ့သို့ ဆောင်းဦး
အချိန်အခါလည်းဖြစ်သောကြောင့်ရာသီဥတုအားဖြင့်အလွန်သာယာသည်။ မြစ် ချောင်း
အင်းအိုင်များမှာ စမ်းရေတို့ဖြင့်အမြဲပြည့်နေသည်။ တောတောင်သစ်ပင်များက
စိမ်းလန်း ဝေဖြာ မှိုင်းညို့ ခါနေသည်။သစ်သီးဝလံများ
Subscribe to:
Posts (Atom)