Wednesday, December 12, 2012

တန်ဆောင်မုန်းလမြတ် သိမှတ်ဖွယ်ရာ(၃)


တန်ဆောင်မုန်းလမြတ် သိမှတ်ဖွယ်ရာ(၃)

ကျီးမနိုးပွဲမှာ အပျော်သက်သက်ကျီစယ်သောပွဲသာဖြစ်သည်။ သူခိုးနက္ခတ်နှင့်ယှဉ်သည်ဟုအယူအဆရှိသူတို့ ကသန်းခေါင်ကျော်အိပ်ပျော်နေချိန် အိမ်အပြင်တွင်ရှိသော လွယ်လင့်တကူသယ်ယူရသည့်ပစ္စည်းများကို ယူငင်လျှက် လမ်းလယ် တွင်ချထားကျီစယ်ကြသည်။ မနက်မိုးလင်းသည်နှင့်ပိုင်ရှင်များက မိမိတို့ပစ္စည်းအားပြန်လည်လာရောက်ရွေးယူကြရသည်။ စာရေးသူတို့တောရွာဘက်တွင် ပျိုမေတို့၏လုံချည်အိကျီင်္များအားကာလသားများကနောက်ပြောင်ယူခြင်းစခြင်းအလေ့အထများ ဘူးသီး ကျောက်ဖရုံသီး ကြက်များခိုး၍ ရွာလယ်တွင်ကာလသားချက် ချက်စားကြခြင်းအလေ့အထများရှိသည်။ ယခုနောက်ပိုင်း တွင်ပြဿနာ ဖြစ်ဖွယ်ကြုံရသောကြောင့်ထိုသို့ပြုလုပ်ခြင်းသိပ်မရှိတော့ချေ။ အထူးဆန်းဆုံးအရာတစ်ခု ရှိသည်မှာ ဘုန်းတော် ကြီးကျောင်းမှ သယ်ယူ၍နိုင်သော ရုပ်ပွားစေတီများအား ပင့်သယ်လာခဲ့ကြ၍ ရွာတွင်ငွေကြေးတင့်တင့်ရှိသော အိမ်များတွင် ပို့ ထားတတ်ကြသည်။ မနက်လင်းလို့ အိမ်တွင်ရုပ်ပွားပို့ထားခံရလျှင် ထိုအိမ်ရှင်မှ ဘုရားပွဲ ပန်းပွဲများဖြင့် ဆိုင်းဘုံသံညံလျှက် စည် စည်ကားကားကျောင်းတော်သို့ပြန်လည်ပို့ဆောင်ကြရသည်။ထို့သို့သောအကြောင်းများဖြင့်ကျီစယ်တတ်သောကြောင့်